Work Smart Not Hard

ကျွန်တော်တို့တွေ အသက်ရှင်နေထိုင်သမျှ
ကာလပတ်လုံးတစ်နေ့ တစ်နေ့ မရိုးနိုင်တဲ့
အလုပ် တာဝန်များစွာကို လုပ်နေကြရပါတယ်…
ပိုက်ဆံရှာတဲ့ လုပ်ငန်း တာဝန်မှ အလုပ်
မဟုတ်ပါဘူး။
နေ့စဉ်စားဝတ်နေရေး၊ တစ်ကိုယ်ရည်သန်ရှင်းရေး၊
အိမ်သန့်ရှင်းရေး၊ လူမှုရေး၊ ပညာရေး စတဲ့အလုပ်
တွေကလည်း အလုပ်တာဝန်တွေပါပဲ။ဒီလို
များပြားလှတဲ့ အလုပ်တာဝန်တွေကို တစ်နေ့တာ
၂၄- နာရီ ကာလ ပတ်လုံး လုပ်ကိုင်နေရတာပါ။
ဒါဆို နေ့စဉ်လုပ်ရမယ့် အလုပ်တာဝန်တွေကြားမှာ
ကိုယ်လုပ်ရမည့် အလုပ်တွေကို လွယ်လင့်တကူ
ပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲ၊
ထိထိရောက်ရောက်နဲ့ အကောင်းဆုံး ဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားစရာပါပဲ။
၂၄ နာရီမှာ အိပ်ချိန် ၈ နာရီ ကိုဖယ်ပြီး
ကျန်တဲ့ ၁၆ နာရီမှာ
👉အလုပ်တွေ ရှုပ်နေသလား ??
👉အရှုပ်တွေ လုပ်နေသလား ??
ဒီနေရာမှာ လေ့လာကြည့်ရအောင် …
👉”အလုပ် တစ်ခုလုပ်ရင် စဉ်းစားပြီးမှ
လုပ်သလား??”
👉”မစဉ်းစားဘဲနဲ့ လုပ်လိုက်သလား??”
စဉ်းစားပြီးမှ လုပ်တာလို့
လူတိုင်းနီးပါးဖြေပါလိမ့်မယ်။
ဒါပေမယ့် ထပ်မေးပါမယ်။
သေချာ ရှေ့နောက် အကျိုး အကြောင်း
စဉ်းစားပြီး Plan ချပြီးမှ လုပ်သလား?
ဒီလိုပဲ ပြီးပြီးရော လုပ်လိုက်သလား ?
တော်တော်များများက တစ်ချက်လောက်တွေးပြီး
ပြီးပြီးရော လုပ်လိုက်တာများတယ် မဟုတ်လား …
ဒါဆိုရင်တော့ Hard Work ပေါ။့
Hard work ဆိုတာ “Do, don’t think”,
မစဉ်းစားဘဲ အရင်လုပ်တာလို့ ဆိုလိုတာပါ။
သေသေချာချာမစဉ်းစားဘဲ မရေမရာအလုပ်တွေကို
လုပ်မိနေရင်တော့ အမှားတွေလုပ်မိတော့တာပေါ့။
အချိန်ကုန် လူပန်းခံပြီး အလုပ်တွေ လုပ်ပြီးမှ
ဘာအကျိုးမှမရှိ အမှားတွေဖြစ်သွားတယ်ဆိုရင်
တော့ သဲထဲ ရေသွန်သလိုပဲပေါ့ဗျာ…
တကယ်တော့ ကျွန်တော်တို့တွေ အလုပ်လုပ်တဲ့
နေရာမှာ မလုပ်ခင်သေချာ စဉ်းစားရပါမယ်။
ဒီတစ်နေ့တာမှာ _
❓ဘာကို မဖြစ်မနေလုပ်ရမလဲ။
❓ဘယ်အချိန် ဘာလုပ်ရမလဲ။
❓ဘယ်အလုပ်က အရေးကြီးနေလဲ။
❓ဘာကြောင့် လုပ်သင့်သလဲ။
❓ဘယ်လိုလုပ်မလဲ။
စတဲ့ မေးခွန်းတွေကို စဉ်းစားသင့်ပါတယ် …
ဒီလို အရင် စဉ်းစားပြီးမှ လုပ်သင့်တာကို
လုပ်တာကို Smart Work လို့ ခေါ်ပါတယ်။
Smart work ဆိုတာ… “Think first, and do”,
အရင်စဉ်းစားပါ၊ ပြီးမှ လုပ်သင့်တာလုပ်ပါလို့ ဆိုလိုပါတယ်။
မလုပ်ခင် သေချာစဉ်းစားပြီးမှ လုပ်တော့ ကိုယ့်ရဲ့
လုပ်ငန်း တာဝန်တွေ မှန်မှန်ကန်ကန် မြန်မြန်
ဆန်ဆန်ပဲ ပြီးမြောက်တယ်လေ…
ဥပမာအနေနဲ့ဗျာ …
လေးထောင့် ရာဘာတုံးကြီးတစ်တုံးကို မိုင် ၁၀၀
ဝေးတဲ့နေရာကို အမြန်ဆုံးသယ်ရမယ် ဆိုပါစို့
👉လေးထောင့်အတိုင်း ပခုံးပေါ်တင်ပြီးသယ်မလား?
👉အလုံးဖြစ်အောင် လုပ်ပြီး ကိုယ်လိုချင်တဲ့နေရာကို
လှိမ့်မလား ?
သေချာတယ် Hard Work သမားက တွေးမနေဘူး
သယ်ဆို သယ်မှာပဲ မြန်မြန်ရောက်ပြီးရောမလား …
Smart Work သမားကတော့ အလုံးဖြစ်အောင်
လုပ်ပြီး လှိမ့်မှာပေါ့။
ဒါဆို ဒီနေရာမှာ တစ်ခုတွေးစရာ ရှိသွားပြန်ပြီ …
⬛️လေးထောင့်ကို ရာဘာလုံးဖြစ်အောင် လုပ်ဖို့ ဘာလိုလဲ?
ဓားလိုမျိုး လက်နက်ကိရိယာ တစ်ခုတော့လိုမယ်
မဟုတ်လား….
အဲ့လိုပဲ Smart Work ဖြစ်အောင် လုပ်ချင်တယ်ဆို
” ပညာ”ဆိုတဲ့ လက်နက်ကိရိယာလေး တစ်ခုတော့
လိုတာပေါ့ဗျာ…
ခေတ်စနစ် နည်းပညာ တိုးတက်ပြောင်းလဲလာတာနဲ့
အမျှ အမြဲ စောင့်ကြည့် လေ့လာနေဖို့ လိုပါတယ်။
ဒါမှလည်း အရှုပ်တွေ မလုပ်မိမှာပေါ့ …
အလုပ်ကို စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်
အောင်လုပ်နိုင်တာကသာ ကိုယ့်ရဲ့အချိန်ကို
သက်သာစေပြီး အလုပ်တွေကိုပြီးမြောက်စေမှာပါ။
ဒီလို အချိန်တိုအတွင်းမှာအလုပ်ပြီးမြောက်ခြင်း
ကြောင့် အားလပ်ချိန် ပိုမိုရရှိပြီးကိုယ့်ရဲ့ကိုယ်ပိုင်
အချိန်မှာ အနာဂတ် တက်လမ်းအတွက် လိုအပ်တဲ့
ပညာတွေကို ထပ်မံလေ့လာနိုင်မှာပဲ ဖြစ်ပါတယ်…
😊Smart work ကသာ ကိုယ့်ကို ကိုယ့်တက်လမ်း
ကို ရှာဖွေပေးနိုင်ပြီး၊ ကိုယ့်ကို ဒီထက် တိုးတက်
မြင့်မားတဲ့တစ်နေရာကို ပို့ပေးနိုင်မှာဖြစ်ပါတယ်ဗျ ။

Leave a Reply

Your email address will not be published. Required fields are marked *