အလုပ်ပိုကြိုးစားဖို့ မိမိကိုယ်ကို စိတ်ဓာတ်ခွန်အား တွန်းအားပေးနိုင်တဲ့ နည်းလမ်းများ

အောင်မြင်မှုမှာ လျှို့ဝှက်ချက်မရှိပါဘူး။

သင်ကိုယ်တိုင်က ကြိုးကြိုးစားစားလုပ်ရင်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုအောင်မြင်ဖို့ ဘာလုပ်ရမယ်ဆိုတာကိုသိတာနဲ့ တကယ်လက်တွေ့ လုပ်ဆောင်မှုကြားက ကွာဟချက်ကတော့ အတော်လေးကြီးမားနေနိုင်ပါတယ်။

အဲဒီကွာဟချက်ကို ဘယ်လိုဆွဲစေ့ကြမလဲ?

အလုပ်ကြိုးစားလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတွန်းအားပေးမလဲ?

ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး အကောင်းဆုံး အကြံပေးချက်တချို့ကို Aung Myin ကနေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ

သင့်အနေနဲ့ ဘာလုပ်လုပ်အဆင်မပြေဘဲ အရမ်းပင်ပန်းနေတဲ့ အချိန်ကာလတွေမှာ သင့်ရဲ့စိတ်ဓါတ်အင်အားကို မြှင့်တင်ပေးမယ့်လှည့်ကွက်က အလုပ်တွင်စေမယ့်နည်းလမ်းတစ်ခုခု မဟုတ်သလို စိတ်အင်အားဖြည့် စိတ်ကူးစိတ်သန်းတစ်ခုခုလည်း မဟုတ်ပါဘူး။ သင်လုပ်နေတဲ့အရာကို ဘာကြောင့်လုပ်နေတယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းသိဖို့ကသာ အခရာကျတာပါ။

၂။ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ

တစ်ခါတလေကျရင် စိတ်ကပြဿနာမဟုတ်ဘဲ ခန္ဓာကိုယ်က ပြဿနာဖြစ်နေတတ်ပါတယ်။

“သင် မကြာခဏပင်ပန်းနေလား? အိပ်ရေးဝရဲ့လား? အချိန်တိုင်းလိုလိုမှာ ခန္ဓာကိုယ်က ဝေဒနာတစ်ခုခုခံစားနေရလား?”

သင့်ခန္ဓာကိုယ်က ဒီအချက်တွေပြနေပြီဆိုရင် အဲဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကိုရှာဖွေပြီး အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါ။

၃။ စိတ်အားထက်သန်မှုကိုမမှီခိုဘဲ အကျင့်ပြုလုပ်ပါ

သင်ဖြစ်ချင်တဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့ တစ်စုံတခုကို ထပ်ခါတလဲလဲလုပ်ဖို့ရာ အင်မတန်ခက်ခဲပါတယ်။ အလုပ်လုပ်တဲ့ အခါမှာ အကျင့်ကိုအစွဲပြုပြီးလုပ်တာက ပိုမိုလွယ်ကူပါတယ်။

“သင့်ကို အလုပ်ပိုတွင်စေပြီး စိတ်ကျေနပ်မှုရစေမယ့် အကျင့်လေးတွေနဲ့ စတင်ပါ။ ဥပမာ တစ်နေ့မှာ ၁၅ မိနစ်လမ်းလျှောက်မယ်ဆိုပြီး အကျင့်လုပ်နိုင်သလို အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ တစ်ဖြတ်တစ်ဖြတ် အလုပ်လုပ်တာမျိုးတို့ လုပ်နိုင်ပါတယ်။”

၄။ မပြေလည်မှုကို လက်ခံပါ

စိတ်ဓါတ်ခွန်အားရရှိဖို့ ခက်ခဲနေသူတွေအဖို့ ကာယနည်းပြတွေရဲ့ အနာခံမှ အသာစံရမယ်ဆိုတဲ့ လက်သုံးစကားကို မှတ်မိနေဖို့လိုပါတယ်။ ဒါက လူတကာသုံးနေကျစကားဆိုပေမယ့် သင့်အတွက် အဆင်ပြေတဲ့ဘောင်ကနေ မထွက်ဘဲနဲ့တော့ သင့်ရဲ့စွမ်းဆောင်ရည်တွေကို ချဲ့ထွင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် နည်းနည်းလေး အဆင်မပြေဖြစ်သွားတာနဲ့ စိတ်ပျက်အားလျော့မသွားပါနဲ့။

တကယ်တော့ အခက်အခဲနည်းနည်းရှိနေတာဟာ ကောင်းတဲ့လက္ခဏာပါ။

“သင့်အနေနဲ့ ပုံမှန်ထက်ပိုကြိုးစားလုပ်ရမယ့် ဘယ်အရာအတွက်မဆို ပုံမှန်ထက်ပိုလုပ်ဆောင်ရပါမယ်။ အဲဒါမှပဲ သင်ဟာ နဂိုကနဲ့ လုံးဝကွဲပြားခြားနားပြီး အများကြီးပိုကြံ့ခိုင်တဲ့သူဖြစ်လာမှာပါ။”

၅။ ကိုယ့်ကိုယ်ကိုယ် ဆုပေး(ဒဏ်ပေး) ပြုလုပ်ပါ

သင့်ရဲ့စိတ်ခွန်အားကို မြှင့်တင်ပေးမယ့် နည်းလမ်းတိုင်းက စိတ်အနေအထားမြင့်မြင့်ထားဖို့ မဟုတ်ပါဘူး။ သာမန်ဆုပေးဒဏ်ပေးစနစ်ကလည်း သင့်ကိုစိတ်ခွန်အားဖြစ်စေမယ့် ပိုမိုထိရောက်တဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအတွက် “သင်မငြင်းပယ်နိုင်မယ့် ကမ်းလှမ်းချက်တစ်ခုခု ကိုယ့်ကိုယ်ကိုယ်ပေးပါ”လို့ ကျွမ်းကျင်သူများက အကြံပြုပါတယ်။

ဆုပေးဒဏ်ပေးစနစ်နှစ်မျိုးစလုံး အလုပ်ဖြစ်နိုင်ပါတယ်။

“ဥပမာ စာအုပ်တစ်အုပ်ကို ပြီးအောင်ဖတ်ချင်တယ်ဆိုရင် အချိန်တစ်ခုနဲ့ ဆုလာဘ်တစ်ခု သတ်မှတ်လိုက်ပါ။ ကိုယ်က ရေခဲမုန့်ကြိုက်တယ်ဆိုရင် ဒီစာအုပ်ကိုဖတ်ပြီးသွားတဲ့အခါ ရေခဲမုန့်စားရမယ်ဆိုတာမျိုး” ဖြစ်ပါတယ်။

ကျွန်တော်တို့ Aung Myin Online Learning Page ကနေ နောက်လည်း အခုလို အောင်မြင်ဖို့ ကြိုးစားနေသူများအတွက် စိတ်ဓာတ်ခွန်အားရစရာ ဗဟုသုတ ရစရာများကို ဆက်လက်ဖော်ပြပေးသွားဦးမလို့ စိတ်ပါဝင်စားရင်တော့ Like လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

အားလုံးပဲ စိန်ခေါ်မှု၊ ပြောင်းလဲမှု အသစ်အသစ်တွေ အတွက် အမြဲအဆင်သင့်ဖြစ်နေပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *