အမှန်တကယ် ထက်မြက်သော လုပ်ငန်းရှင်များ၏ အဓိက ယုံကြည်ချက်များ

➡️တကယ်တော်တဲ့ လုပ်ငန်းရှင်တွေဆိုတာ သူတို့ရဲ့ဝန်ထမ်းတွေကို
ပိုကောင်းလာအောင် ပြောင်းလဲပေးတတ်ကြပါတယ်။ ဝန်ထမ်းတွေ
သူတို့ကိုယ်သူတို့ တွေ့မြင်သုံးသပ်တာထက်ပိုပြီး ဒီလုပ်ငန်းရှင်တွေက ဝန်ထမ်းတွေကို ပိုမြင်တတ်ကြပါတယ်။
ပြီးတော့ ဒီလိုသုံးသပ်မြင်တတ်လာအောင်လည်း ဝန်ထမ်းတွေကို
ကူညီပေးကြတယ်။ လုပ်ငန်းရှင်တွေက ရည်မှန်းချက်ကြီးကြီး
ထားကြပြီးတော့ ဝန်ထမ်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့်
တကယ့်ကြီးမားတဲ့ အလုပ်တွေကို ပြသပေးကြတယ်။

➡️ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှုဆိုတာက နားလည်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ တကယ်လို့ ဝန်ထမ်းတွေသာ တကယ်ထက်မြက်တဲ့
ခေါင်းဆောင်တစ်ယောက်ဆီမှာ အလုပ်လုပ်နေတယ်ဆိုရင်
နားလည်မှာပါ။ ဒါပေမဲ့ သူတို့တွေမှာတောင် ခက်ခဲတဲ့အချိန်တွေ
ရှိနိုင်ကြပါတယ်။ သူတို့ရဲ့ခေါင်းဆောင်မှုကို ထိရောက်မှုရှိစေအောင်
လုပ်ဆောင်နေတဲ့အရာတွေရဲ့ အသေးစိတ်အချက်အလက်ကို
ရှင်းပြရတတ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှုဆိုတာ
အင်တိုက်အားတိုက်နဲ့ တက်ကြွမှုရှိပြီးတော့ ထူးခြားတဲ့ အရည်အချင်း
အမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။

➡️သေချာတာတစ်ခုကတော့ ခေါင်းဆောင်တစ်ဦးရဲ့ လုပ်ဆောင်ချက်
တွေဟာ သူ့ရဲ့ယုံကြည်ချက်တွေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတာပါပဲ။ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေ၊
သူ့ရဲ့ခံယူချက်၊ ယုံကြည်ချက်တွေက တဆင့် ထက်မြက်ထူးချွန်တဲ့
ခေါင်းဆောင်မှုရဲ့ အနှစ်သာရဟာ ပေါ်လွင်ထင်ရှားလာပါတယ်။

➡️ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေဟာ အပြောနဲ့မဟုတ်ဘဲ
လုပ်ဆောင်ချက်တွေကြောင့် ယုံကြည်မှုနဲ့ လေးစားသဘောကျမှုကို
ဖြစ်ပေါ်လာစေပါတယ်။ ဂုဏ်သိက္ခာဆိုတာ အရေးကြီးကြောင်းကို
ခေါင်းဆောင်များစွာ ပြောကြပါတယ်။ ဒီစကားကို အမှန်တကယ်
ယုံကြည်တဲ့ ခေါင်းဆောင်တွေဟာ နေ့ရက်တိုင်းမှာ ဂုဏ်သိက္ခာရှိမှုကို
လက်တွေ့ပြသပြီး သူတို့ရဲ့ပြောစကားအတိုင်း လုပ်ဆောင်ပါတယ်။
ကိုယ်တွေ့မြင်ချင် ဖြစ်စေချင်တဲ့ အပြုအမူကို လူတွေကို တစ်နေကုန်
တဖျစ်တောက်တောက်ပြောမနေဘဲ ကိုယ်ကိုယ်တိုင် အပြုအမူနဲ့ ပြသပြီး အောင်မြင်အောင် လုပ်ဆောင်ကြပါတယ်။

➡️တကယ်တော်တဲ့ လုပ်ငန်းရှင်ဆိုတာ သူ့ရဲ့ဝန်ထမ်းတွေကို
တကယ်ယုံကြည်မှုရှိပါတယ်။ ဒီယုံကြည်မှုဟာ ဝန်ထမ်းတွေကို
ပိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ တိုက်တွန်းမှုပါပဲ။
ဒါကြောင့် တကယ်ထက်မြက်တဲ့ လုပ်ငန်းရှင်တွေ ချမှတ်ထားတဲ့
ယုံကြည်ချက်အချို့ကို လေ့လာကြည့်ကြပါစို့။

🔷(၁) တိုးတက်ကြီးထွားမှုကို တိုက်တွန်းအားပေးခြင်းဖြင့်
လုပ်ဆောင်သင့်ပါသည်။
ကြောက်ရွံ့ခြင်းကြောင့် မဖြစ်စေသင့်ပါ။

🔴သာမန်လုပ်ငန်းရှင်တွေကတော့ အတော်ဆုံး အလုပ်အကြိုးစားဆုံး
ဝန်ထမ်းတွေကို သူတို့ထက်သာလွန်မယ့်သူတွေ အဖြစ် ယုံကြည်ပြီး
ကြောက်ရွံ့တတ်ကြပါတယ်။ ဒါကြောင့် အချက်အလက်တွေ မျှဝေဖို့၊
လုပ်ပိုင်ခွင့်တွေ ပေးအပ်ဖို့ တွေဝေတွန့်ဆုတ်တတ်ကြပါတယ်။
🔵တစ်ဖက်မှာတော့ ထက်မြက်တဲ့ လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေ
တိုးတက်မှုရှိလာတာကို မြင်ရတာနှစ်သက်တတ်ကြပါတယ်။
ဒီလိုလုပ်ငန်းရှင်တွေဟာ သူတို့နေရာ အစားထိုးမယ့်သူတွေကို
အမြဲလက်သပ်မွေးထားပြီး ခေါင်းဆောင်တွေ ဖြစ်လာစေဖို့အတွက်
ဘာမဆို လုပ်ဆောင်တတ်ကြပါတယ်။
ဒီလိုထက်မြက်တဲ့ လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့အတော်ဆုံး
ဝန်ထမ်းတွေကို စွမ်းရည်တွေ ပိုမိုမြင့်မားလာစေချင်ပြီး ကောင်းမွန်တဲ့
တုံ့ပြန်မှုတွေနဲ့ လမ်းညွှန်မှုတွေဟာ အရေးကြီးတယ်ဆိုတာကို
နားလည်သဘောပေါက်ကြပါတယ်။

🔷(၂) ဝန်ထမ်းဆိုတာ တစ်ဦးတစ်ယောက်တည်းပါ။
ကိုယ်ပွားများ မဟုတ်ပါ။

🔴သာမန် လုပ်ငန်းရှင်တွေ ဆိုတာ လူတွေကို စုပေါင်း၊ စိတ်ဓာတ်
တက်ကြွစေအောင် ကြိုးစားပြီး ဆုချီးမြှင့်ကာ အားလုံးကို အတူတူ
သင်ကြားပေးတတ်ကြပါတယ်။
🔵ထက်မြက်တဲ့လုပ်ငန်းရှင်တွေကတော့
လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် တက်ကြွမှုနဲ့ သင်ကြားလေ့လာမှုပုံစံရှိတယ်
ဆိုတဲ့ အချက်ကို လေးစားပြီး တစ်ဦးချင်းစီကို ဆက်ဆံတတ်ကြပါတယ်။ မတူညီတဲ့ တစ်စုံတစ်ခုဟာ ဝန်ထမ်းတစ်ယောက်စီကို အမှတ်အသား
ဖြစ်စေပြီး အတော်ဆုံးလုပ်ငန်းရှင်က ဒါတွေကို စဉ်းစားနေမှာ
မဟုတ်ပါဘူး။

🔷(၃) ဝန်ထမ်းအားလုံး သာတူညီမျှပါပဲ။
လက်အောက်ငယ်သားတွေ မဟုတ်ပါ။

🔴သာမန်လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေကို ကလေးတွေလို
ဆက်ဆံကြပါတယ်။ ဝန်ထမ်းတွေကို အမြဲမပြတ် ကြီးကြပ်စောင့်ကြည့်ဖို့ လိုတယ်လို့ သူတို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် စည်းမျဉ်းတွေ
ချမှတ်ကာ လုပ်ငန်းဆောင်တာတွေကို သူ့လမ်းကြောင်းအတိုင်း
သေချာအောင် ဆောင်ရွက်စေဖို့နဲ့ အမှားတွေကို စောင့်ကြည့်ဖို့
သူတို့ရဲ့အလုပ်လို့ ထင်မြင်ကြပါတယ်။
🔵ထက်မြက်တဲ့ လုပ်ငန်းရှင်တွေကတော့ ဝန်ထမ်းတွေကို
ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ သက်တူရွယ်တူတွေလို့
မြင်ကြပါတယ်။ ထက်မြက်တဲ့ လုပ်ငန်းရှင်တွေဟာ မကြာခဏ ဝင်ပါခြင်းမရှိဘဲ သူတို့တန်ဖိုးထားတာတွေနဲ့ ဝန်ထမ်းတွေရဲ့အလုပ်တွေ
ယုံကြည်ချက်တွေကို ရှင်းလင်းသေချာအောင် လုပ်ဆောင်ပြီး
လိုအပ်မှသာ ကြားဝင်တတ်ကြပါတယ်။

🔷(၄) အလုပ်ဆိုတာ ပျော်စရာကောင်းသင့်ပါတယ်။

🔴သာမန်လုပ်ငန်းရှင်များဟာ လူတွေ လုပ်ချင်သည်ဖြစ်စေ
မလုပ်ချင်သည်ဖြစ်စေ လုပ်ဆောင်ရမယ်လို့ မြင်တတ်ပါတယ်။
ဝန်ထမ်းတွေ မခိုမကပ်အောင် မပျင်းရိစေအောင် စိစစ်လုပ်ဆောင်ဖို့
လိုအပ်တယ်လို့ ထင်မြင်တတ်ကြပါတယ်။
“ငါ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီမှာ ဘာမှပြီးမှာမဟုတ်ဘူး”
ဆိုတဲ့စကားလိုမျိုး သူတို့ပြောတတ်ကြပါတယ်။
🔵ဒါပေမဲ့ ထက်မြက်တဲ့လုပ်ငန်းရှင်တွေကတော့ သူတို့အလုပ်ကို
ချစ်မြတ်နိုးပြီး တခြားလူတွေအားလုံးလည်း ချစ်မြတ်နိုးနိုင်တယ်လို့
ယုံကြည်ကြပါတယ်။ ဒီလိုလုပ်ငန်းရှင်တွေက ဝန်ထမ်းတွေကို သူတို့ရဲ့
စွမ်းရည်၊ စိတ်အားထက်သန်မှု၊ ပင်ကိုအရည်အချင်းနဲ့ ညီမျှတဲ့ အလုပ်တာဝန်တွေကို ပေးကြပါတယ်။ အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုကာ
ဝန်ထမ်းတွေ ကောင်းမွန်စွာ လုပ်ဆောင်တဲ့အခါမှာ ကောင်းမွန်တဲ့
သုံးသပ်ချက်တွေ ပေးတတ်ကြပါတယ်။

🔷(၅) စိတ်တူသဘောတူမျိုးမဟုတ်တဲ့ ကွဲပြားခြားနားခြင်းဟာ
ထူးခြားတဲ့အကျိုးကျေးဇူးတွေကို ဖြစ်ထွန်းစေပါတယ်။

🔴သာမန်လုပ်ငန်းရှင်တွေဟာ ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်အကြံဉာဏ်နဲ့
ညီမျှတဲ့ အကြံဉာဏ်တွေကို လိုချင်ကြပါတယ်။ ဒီအချက်ကြောင့်
ကိုယ်နဲ့ စိတ်တူ သဘောတူတဲ့ ဝန်ထမ်းတွေကို ခန့်အပ်ဖို့
ကြိုးပမ်းတတ်ကြပါတယ်။ တစ်ပုံစံတည်းဆင်တူ စဉ်းစားဖို့
ဝန်ထမ်းတွေကို တိုက်တွန်းအားပေးပြီး “တိတ်တိတ်ဆိတ်ဆိတ်နဲ့
အလုပ်လုပ်” တဲ့သူတွေကို ဆုချီးမြှင့်တတ်ကြပါတယ်။
🔵ထက်မြက်တဲ့ လုပ်ငန်းရှင်တွေကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့
ကွဲပြားခြားနားမှုတွေနဲ့ စိတ်ကူးအကြံဉာဏ်တွေကို တက်ကြွစွာ
ရှာဖွေတတ်ပါတယ်။ သူတို့တွေဟာ သူတို့ကိုယ်ကို မြင်သာအောင်
ပြတတ်ကြပြီး ကုမ္ပဏီကို တွေးခေါ်မှုအသစ်တွေဆီ
ပြသပေးတတ်ကြပါတယ်။

🔷(၆) စိတ်ပါဝင်စားတက်ကြွမှု (Motivation) က
လှုံ့ဆော်အားပေးခြင်းမှ ဖြစ်ပေါ်လာပါတယ်၊
ပူပန်သောကများမှ မဟုတ်ပါ။

🔴သာမန်လုပ်ငန်းရှင်တွေဟာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့
ခိုင်းစေခြင်းဟာ ဝန်ထမ်းတွေကို ထိထိရောက်ရောက် အလုပ်
လုပ်စေတယ်လို့ ထင်မြင်ကြပါတယ်။
ရာခိုင်နှုန်းအပြည့်အဝ လုပ်ဆောင်နိုင်စေဖို့ ဒေါသပေါက်ကွဲမှုတွေနဲ့
အပြစ်ဒဏ်တွေကို လူတွေ ကြောက်ရွံ့ကြတယ်လို့ ယုံကြည်ကြပါတယ်။
🔵ထက်မြက်တဲ့လုပ်ငန်းရှင်များကတော့ လှုံ့ဆော်အားပေးခြင်းကနေ
တဆင့် စိတ်ပါဝင်စားတက်ကြွစေပါတယ်။ ဝန်ထမ်းတွေဟာ
သူတို့ရဲ့စွမ်းရည်တွေ၊ အမြင်တွေနဲ့ စိတ်အားထက်သန်မှုကို
တခြားအရာတွေထက်ပိုပြီး တုံ့ပြန်မယ်ဆိုတာကို သူတို့ နားလည်
သဘောပေါက်ကြပါတယ်။

🔷(၇) အပြောင်းအလဲဆိုတာ အခွင့်အလမ်းတစ်ခု၊
ကျိန်စာမဟုတ်ပါ။

🔴“ဒီပုံစံအတိုင်း ငါတို့အမြဲလုပ်လာခဲ့တာပဲ” ဆိုတာဟာ
သာမန်လုပ်ငန်းရှင်တွေ လက်ကိုင်သုံးတဲ့ ဆောင်ပုဒ်ပါပဲ။
အပြောင်းအလဲဆိုတာ မလိုအပ်ဘဲ ကောင်းခြင်းထက် ဆိုးကျိုးကိုသာ
ပိုဖြစ်စေတယ်လို့ ယုံကြည်ကြသူတွေပါ။
🔵အချို့ထက်မြက်တဲ့လုပ်ငန်းရှင်များကတော့ အပြောင်းအလဲဆိုတာ
တိုးတက်မှုအတွက်အခွင့်အလမ်းတစ်ခုဆိုတာကို သိမြင်ကြပါတယ်။
သူတို့တွေက နည်းလမ်းတွေကို အမြဲမပြတ်လိုက်လျောညီထွေဖြစ်အောင်
ပြင်ဆင်တတ်ကြပြီး ပြောင်းလဲမှုကို လက်ခံယုံကြည်ကြပါတယ်။

👉တကယ်လို့ မိတ်ဆွေဟာ အခုလက်ရှိမှာ လုပ်ငန်းရှင်တစ်ဦး
ဖြစ်နေတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ မိတ်ဆွေရဲ့ယုံကြည်ချက်တွေကို
သရုပ်ဖော်ပြမှာလဲ?

Leave a Reply

Your email address will not be published. Required fields are marked *