ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်မှာ ရှိနေသင့်တဲ့ ပြီးပြည့်စုံတဲ့ အရည်အချင်း (၇) ခု

✒️ တကယ်ထက်မြက်တဲ့ ခေါင်းဆောင်တွေဆိုတာ သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ပိုတော်လာအောင် ပြောင်းလဲပေးတတ်ကြပါတယ်။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ တွေ့မြင်ရတာထက်ပိုပြီး သူတို့က ကျွန်တော်တို့ကို ပိုမြင်တတ်ကြပါတယ်။ ပြီးတော့ ဒီလိုမြင်တတ်လာအောင်လည်း ကျွန်တော်တို့ကို ကူညီပေးကြတယ်။

✒️ သူတို့ရဲ့ခေါင်းဆောင်မှုကို ထိရောက်မှုရှိစေအောင် လုပ်ဆောင်နေတဲ့အရာတွေရဲ့ အသေးစိတ်အချက်အလက်ကို ရှင်းပြရတတ်ပါတယ်။

✒️ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မှုဆိုတာ အင်တိုက်အားတိုက်နဲ့ တက်ကြွမှုရှိပြီးတော့ ထူးခြားတဲ့ အရည်အချင်းအမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။

✒️ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ သူ့ရဲ့ခံယူချက်၊ ယုံကြည်ချက်တွေကတဆင့် ထက်မြက်ထူးချွန်တဲ့ ခေါင်းဆောင်မှုရဲ့ အနှစ်သာရဟာ ပေါ်လွင်ထင်ရှားလာပါတယ်။

✒️ တကယ်တော်တဲ့ ခေါင်းဆောင် ဆိုတာ သူ့လူတွေကို တကယ်ယုံကြည်မှုရှိပါတယ်။

✒️ ဒီယုံကြည်မှုဟာ သူတို့ကို လူတွေရှင်သန်နေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ တိုက်တွန်းမှုပါပဲ။တကယ်လို့ ကိုယ့်မှာ တစ်နေ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ ရည်မှန်းချက်ရှိတယ်ဆိုရင် ဒီအချက်တွေနဲ့ ပြည်စုံနေမှ ရရမှာပါ . . .

✒️ ဒါကြောင့် တကယ်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းအချို့ကို လေ့လာကြည့်ကြပါစို့

⏺ (၁) လက်အောက်ငယ်သားတွေရဲ့ တိုးတက်ကြီးထွားမှုကို တိုက်တွန်းအားပေးပါ

သမရိုးကျ ခေါင်းဆောင်တွေက အတော်ဆုံး အလုပ်အကြိုးစားဆုံး ဝန်ထမ်းတွေကို သူတို့ထက်သာလွန်မယ့် သူတွေအဖြစ် ယုံကြည်ပြီး ကြောက်ရွံ့တတ်ကြပါတယ်။ ဒါကြောင့် အချက်အလက်တွေ မျှဝေဖို့၊ လုပ်ပိုင်ခွင့်တွေ ပေးအပ်ဖို့ တွေဝေတွန့်ဆုတ်တတ်ကြပါတယ်။

တခြားတစ်ဖက်မှာလည်း ထူးချွန်တဲ့ ခေါင်းဆောင်များက ဝန်ထမ်းတွေ တိုးတက်မှုရှိလာတာကို မြင်ရတာနှစ်သက်တတ်ကြပါတယ်။

ဒီလိုထက်မြက်တဲ့ ခေါင်းဆောင်များဟာ သူတို့ရဲ့အတော်ဆုံး ဝန်ထမ်းတွေကို စွမ်းရည်တွေ ပိုမိုမြင့်မားလာစေချင်ပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေနဲ့ လမ်းညွှန်မှုတွေဟာ အရေးကြီးတယ်ဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။

ထူးချွန်တဲ့ လူကို နေရာပေးတယ်ဆိုတာလဲ သင့်တော်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

⏺ (၂) ဝန်ထမ်းတစ်ယောက်စီတိုင်းရဲ့ ပင်ကိုယ်စရိုက်ကို သိရှိနေပါစေ

သာမန်ခေါင်းဆောင် တွေဆိုတာ လူတွေကို စုပေါင်း၊ စိတ်ဓာတ်တက်ကြွစေအာင် ကြိုးစားပြီး ဆုချီးမြှင့်ကာ အားလုံးကို အတူတူ သင်ကြားပေးတတ်ကြပါတယ်။

ထက်မြက်တဲ့ ခေါင်းဆောင်တွေကတော့ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် တက်ကြွမှုနဲ့ သင်ကြားလေ့လာမှုပုံစံရှိတယ်ဆိုတဲ့ အချက်ကို လေးစားပြီး တစ်ချင်းစီကို ဆက်ဆံတတ်ကြပါတယ်။

⏺ (၃) ဝန်ထမ်းတွေကို လက်အောက်ငယ်သားတွေလို မဆက်ဆံသင့်ပါ

သာမန်ခေါင်းဆောင်တွေက ဝန်ထမ်းတွေကို အမြဲမပြတ် ကြီးကြပ်စောင့်ကြည့်ဖို့ လိုတယ်လို့ သူတို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် စည်းမျဉ်းတွေ ချမှတ်ကာ လုပ်ငန်းဆောင်တာတွေကို သူ့လမ်းကြောင်းအတိုင်း သေချာအောင်ဆောင်ရွက်စေဖို့နဲ့ အမှားတွေကို စောင့်ကြည့်ဖို့ သူတို့ရဲ့အလုပ်လို့ ထင်မြင်ကြပါတယ်။

ထက်မြက်တဲ့ ခေါင်းဆောင်များကတော့ ဝန်ထမ်းတွေကို ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင် မကြာခဏ ဝင်ပါခြင်းမရှိဘဲ သူတို့တန်ဖိုးထားတာတွေနဲ့ ဝန်ထမ်းတွေရဲ့အလုပ်ကို ယုံကြည်ချက်တွေကို ရှင်းလင်းသေချာအောင် လုပ်ဆောင်ပြီး လိုအပ်မှသာ ကြားဝင်တတ်ကြပါတယ်။

⏺ (၄) အလုပ်ခွင်ဟာ ပျော်စရာကောင်းသင့်ပါတယ်။

သာမန်ခေါင်းဆောင်တွေက ဝန်ထမ်းတွေ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ မခိုမကပ်အောင် မပျင်းရိစေအောင် စိစစ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထင်မြင်တတ်ကြပါတယ်။

ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတွေကတော့ သူတို့အလုပ်ကို ချစ်မြတ်နိုးပြီး တခြားလူတွေအားလုံးလည်း ချစ်မြတ်နိုးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဝန်ထမ်းတွေကို သူတို့ရဲ့ စွမ်းရည်၊ စိတ်အားထက်သန်မှု၊ ပင်ကိုအရည်အချင်းနဲ့ ညီမျှတဲ့ အလုပ်တာဝန်တွေကို ပေးကြပါတယ်။

အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုကာ ဝန်ထမ်းတွေ ကောင်းမွန်စွာ လုပ်ဆောင်တဲ့အခါမှာ ကောင်းမွန်တဲ့ feedback တွေပေးတတ်ကြပါတယ်။

⏺ (၅) စိတ်တူသဘောတူမျိုးမဟုတ်တဲ့ ကွဲပြားခြားနားခြင်းဟာ အသီးအပွင့်အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါတယ်

သာမန်ခေါင်းဆောင် တွေဟာ ကိုယ်နဲ့ စိတ်တူသဘောတူတဲ့ဝန်ထမ်းတွေကို ခန့်အပ်ဖို့ ကြိုးပမ်းတတ်ကြပါတယ်။ တစ်ပုံစံတည်းဆင်တူ စဉ်းစားဖို့ ဝန်ထမ်းတွေကို တိုက်တွန်းအားပေးပြီး “တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်လုပ်” တဲ့သူတွေကို ဆုချီးမြှင့်တတ်ကြပါတယ်။

ထက်မြက်တဲ့ခေါင်းဆောင် တွေကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကွဲပြားခြားနားမှုတွေနဲ့ စိတ်ကူးအကြံဉာဏ်တွေကို တက်ကြွစွာ ရှာဖွေတတ်ပါတယ်။ သူတို့တွေဟာ သူတို့ကိုယ်ကိုယ် မြင်သာအောင်ပြတတ်ကြပြီး ကုမ္ပဏီကို တွေးခေါ်မှုအသစ်တွေဆီ ပြသပေးတတ်ကြပါတယ်။

⏺ (၆) စိတ်ပါဝင်စားတက်ကြွမှု (Motivation) က လှုံ့ဆော်အားပေးခြင်းမှ ဖြစ်ပေါ်လာပါတယ်၊ ပူပန်သောကများမှ မဟုတ်ပါ။

သာမန်ခေါင်းဆောင်တွေဟာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ စည်းကမ်းတွေနဲ့ ခိုင်းစေခြင်းဟာ ဝန်ထမ်းတွေကို ထိထိရောက်ရောက် အလုပ်လုပ်စေတယ်လို့ ထင်မြင်ကြပါတယ်။

ရာခိုင်နှုန်းအပြည့်အဝ လုပ်ဆောင်နိုင်စေဖို့ ဒေါသပေါက်ကွဲမှုတွေနဲ့ အပြစ်ဒဏ်တွေကို လူတွေ ကြောက်ရွံ့ကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေဟာ အလုပ်ကို ဂရုမစိုက်ကြတော့ဘဲ သူတို့ရဲ့အလုပ် ဆက်လက်တည်မြဲနေစေဖို့နဲ့ သူဌေးကို ချွေးသိပ်ဖြေဖျောက်ပေးဖို့ကိုသာ လူတွေ ဂရုစိုက်လာကြပါတယ်။

ထက်မြက်တဲ့ ခေါင်းဆောင် တွေ ကတော့ လှုံ့ဆော်အားပေးခြင်းကနေတဆင့် စိတ်ပါဝင်စားတက်ကြွစေပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ရဲ့စွမ်းရည်တွေ၊ အမြင်တွေနဲ့ စိတ်အားထက်သန်မှုကို တခြားအရာတွေထက်ပိုပြီး တုံ့ပြန်မယ်ဆိုတာကို သူတို့ နားလည်သဘောပေါက်ကြပါတယ်။

⏺ (၇) အပြောင်းအလဲဆိုတာ အခွင့်အလမ်းတစ်ခု၊ ကျိန်စာမဟုတ်ပါ။

“ဒီပုံစံအတိုင်း ငါတို့အမြဲလုပ်လာခဲ့တာပဲ” ဆိုတာဟာ သာမန်ခေါင်းဆောင် တွေ လက်ကိုင်သုံးတဲ့ ဆောင်ပုဒ်ပါပဲ။ အပြောင်းအလဲဆိုတာ မလိုအပ်ဘဲ ကောင်းခြင်းထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတယ်လို့ ယုံကြည်ကြသူတွေပါ။ အချို့သော ထက်မြက်တဲ့ ခေါင်းဆောင်များကတော့ အပြောင်းအလဲဆိုတာ တိုးတက်မှုအတွက် အခွင့်အလမ်းတစ်ခုဆိုတာကို သိမြင်ကြပါတယ်။ သူတို့တွေက နည်းလမ်းတွေကို အမြဲမပြတ် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်တတ်ကြပြီး ပြောင်းလဲမှုကို လက်ခံယုံကြည်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *