ကျွန်တော်တို့ လိုချင်မျှော်မှန်းထားတဲ့ အလုပ်မှာခန့်အပ်ခြင်းခံရနိုင်မယ့်နည်းလမ်းများ

ကျွန်တော်တို့ အလုပ်စတင်မလျှောက်ခင်မှာပဲ
ကျွန်တော်တို့စိတ်ထဲမှာ လုပ်ချင်တဲ့ကုမ္ပဏီတွေ
ရှိနေမယ်ဆိုရင်တော့ ကုမ္ပဏီ အနေနဲ့
ကျွန်တော်တို့ အရည်အချင်းတွေကို
သတိထားမိလာအောင် စတင် လုပ်ဆောင်
သင့်ပါတယ်။ ကျွန်တော်တို့စိတ်ထဲမှာ ကိုယ်နဲ့
သင့်တော်မယ့် အလုပ် (သို့) ကုမ္ပဏီကို
ရှာမတွေ့သေးဘူး ဆိုရင်တော့ အချိန်ယူပြီး
ရှာဖွေသင့်ပါတယ်။
အလုပ်ရှာဖွေရာမှာ ပိုပြီးအာရုံနှစ်လေလေ၊
အလုပ်ရရှိနိုင်ဖို့ ပိုသေချာလေပါပဲ။

❓ဘယ်လိုရှာဖွေရမလဲ❓

ကျွန်တော်တို့ စိတ်ထဲအားတက်သရော
အလုပ်လုပ်ပေးလိုတဲ့ လုပ်ငန်းတွေမရှိသေးဘူး
ဆိုရင်တော့ ကျွန်တော်တို့ အလုပ်လျှောက်ဖို့
ကုမ္ပဏီ ရွေးချယ်တဲ့အခါ ကိုယ် မျှော်မှန်းထားတဲ့
လုပ်ငန်းရှင် (သို့) ကုမ္ပဏီဟာ ဘယ်လိုဖြစ်ရမယ်
ဆိုတာကို ထည့်သွင်းစဉ်းစားပါ။ ကိုယ့်ရဲ့ဝါသနာ၊
ကျွမ်းကျင်မှု၊စိတ်ဝင်စားမှုတို့နဲ့ ထပ်တူကျတဲ့
ကုမ္ပဏီတွေ အကြောင်း ရှာဖွေလေ့လာပြီး
ကိုယ် မျှော်မှန်းထားတဲ့ လုပ်ငန်းရှင် (သို့) ကုမ္ပဏီ
တွေကို စာရင်းပြုစုပါ။
စာရင်းပြုစုပြီးတာနဲ့ ကိုယ် လိုချင်တဲ့ အလုပ်
ပတ်ဝန်းကျင်၊ လစာ၊ ခံစားခွင့်များနှင့် အခြား
ကောင်းကျိုးများကို ကမ်းလှမ်းနိုင်တဲ့လုပ်ငန်းရှင်
တွေကို စာရင်းရဲ့ထိပ်ဆုံးမှာထားပြီး ကိုယ့်အရည်
အချင်းတွေကို သူတို့ဘက်မှ သတိထားမိလာ
အောင် အဓိကလုပ်ဆောင်ရပါမယ်။
ကုမ္ပဏီတစ်ခုကို အလုပ်စတင်မလျှောက်ခင်
အချိန်တစ်ခုတည်းက လေ့လာထားခြင်းဟာ
ကောင်းကျိုး အများကြီးရှိပါတယ်။
ဥပမာ- ကုမ္ပဏီ ရဲ့ Facebook page တွေကို
follow လုပ်ထားခြင်းမျိုး ပြုလုပ်နိုင်ပါတယ်။

👉ကုမ္ပဏီ အကြောင်းတတ်နိုင်သမျှ
သိအောင်လုပ်ပါ။

ကိုယ် အလုပ်လျှောက်မယ့်ကုမ္ပဏီအကြောင်းကို
ကြိုတင်ရှာဖွေလေ့လာထားခြင်းကတော့
အကောင်းဆုံးပါပဲ။ လူတွေ့စစ်ဆေးခါနီးမှ
ကတိုက်ကရိုက်နဲ့ရှာဖွေတာက အဆင်မပြေပါဘူး။
ကုမ္ပဏီရဲ့ဘယ်အချက်တွေက ကိုယ့်ကို ဆွဲဆောင်
နေသလဲ ဆိုတာကိုပါ လေ့လာထားသင့်ပါတယ်။
အဲ့ဒါမှ “သင် ဒီကုမ္ပဏီ အကြောင်းသိပါသလား”
ဒါမှမဟုတ် “ပထမဆုံးရက် ၃၀ အတွင်းမှာ
ဘာတွေလုပ်ရမယ်ထင်လဲ”ဆိုတဲ့မေးခွန်းတွေ
မေးခံရတဲ့အခါ အချက်အလက်ကျကျ ပြောဆို
နိုင်မှာဖြစ်ပြီး စိတ်ဝင်စားမှု ထက်သန်စွာ
လေ့လာထားတယ် ဆိုတာလည်း ပေါ်လွင်နေ
မှာပါ။ထပ်ပြီးတော့ ကုမ္ပဏီမှာ ဖြစ်ခဲ့ဖူးတဲ့
အခြေအနေတွေ ဥပမာ. ထုတ်ကုန်ပစ္စည်း
အသစ်ထုတ်ခါနီးမှပြန်လည်သိမ်းဆည်းလိုက်
ရတာတွေ၊ ကုမ္ပဏီပြဿနာတွေနဲ့ ပတ်သက်ပြီး
မေးမြန်းခံရတဲ့အခါ ကိုယ်သိထားသမျှ
ဗဟုသုတတွေနဲ့ အထက်လူကြီးက ကိုယ့်အပေါ်
အမှတ်ပေးချင်လာအောင် ဖြေဆိုနိုင်မှာ
ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဝန်ထမ်းမဟုတ်ပဲ အပြင်လူ
တစ်ယောက်အနေနဲ့တောင်မှ ကုမ္ပဏီ အရေးနဲ့
ပတ်သက်ပြီး တက်ကြွမှုရှိတယ်ဆိုတာကို ပြသနိုင်
ရင် ကိုယ်သာဝန်ထမ်းတစ်ယောက်ဖြစ်လာရင်
ဘယ်လောက် ကြိုးကြိုးစားစား ကောင်းမွန်စွာ
အလုပ်လုပ်မလဲဆိုတာကို သိသာစေပါတယ်။
ကုမ္ပဏီရဲ့ Page ကိုစဉ်ဆက်မပြတ်စောင့်ကြည့်
နေခြင်းဖြင့် အလုပ်လစ်လပ်မှုတွေရှိလို့ အလုပ်ခေါ်
ရင်ပဲဖြစ်ဖြစ် အခြားအခွင့်အလမ်းတွေပဲဖြစ်ဖြစ်
ကိုယ့်အနေနဲ့ တခြားသူတွေထက် ပိုပြီးစောစီးစွာ
သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီ ဟာဘယ်လို
အရည်အချင်းရှိသူတွေကို အလိုရှိတယ်ဆိုတာ
သိနေခြင်းဖြင့် ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေနှင့်
ကိုက်ကြည့်နိုင်ပြီး ဘယ်လိုရာထူးနေရာကို
လျှောက်မယ် မလျှောက်ဘူးဆိုတာလည်း
ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လိုချင်မျှော်မှန်းထားတဲ့အလုပ်မှာ
ခန့်အပ်ခြင်းခံရနိုင်မယ့် နည်းလမ်းအချို့ကို
လိုက်နာကျင့်သုံးနိုင်စေဖို့ ရေးသားလိုက်ရပါတယ်။

🔵အလုပ်ခန့်မည့်သူနှင့်တွေ့ဆုံနိုင်ဖို့
နည်းလမ်းရှာပါ။

ကုမ္ပဏီ တော်တော်များများဟာ အလုပ်ပြပွဲ
တွေမှာပါဝင်လေ့ရှိကြပါတယ်။ ကုမ္ပဏီရဲ့
ဝက်ဒ်ဆိုဒ်(Website) ကိုကြည့်ပြီး ကိုယ်
တက်ရောက်နိုင်မယ့်ပွဲတွေကို ရှာပါ။
အဲ့ဒီပွဲတွေကို တက်ရောက်ခြင်းအားဖြင့်
အလုပ်ခန့်အပ်မယ့်သူရဲ့လက်ထဲကို ကိုယ့်ရဲ့
အလုပ်လျှောက်လွှာကို လူကိုယ်တိုင်ပေးနိုင်မှာ
ဖြစ်ပါတယ်။

🔵ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုတည်ဆောက်ပါ။

သင့်လျော်တဲ့ဆိုဒ် (Website) တွေမှာ profiles
တွေတည်ဆောက်ပါ။ Professional ကျတဲ့
ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုရှိထားခြင်းကြောင့်
လုပ်ငန်းရှင်တွေ၊ အလုပ်ခန့်အပ်မယ့်သူတွေက
ကိုယ်ဟာ သူတို့အလုပ်တွေ အတွက်
အထူးသင့်တော်သူ တစ်ယောက်အဖြစ်
ထင်မြင်စေမှာ ဖြစ်ပါတယ်။

🔵 အသိမိတ်ဆွေများနဲ့ဆက်သွယ်ပါ။

Profile တွေတည်ဆောက်ပြီးပြီ ဆိုရင်တော့
စတင်အသုံးပြုပါ။
လူများနှင့်ဆက်သွယ်စကားပြောပါ။
ဘယ်သူဟာ ကိုယ်အလုပ်ရရှိဖို့ ကူညီနိုင်မလဲ
ဆိုတာ ကြိုတင်မသိနိုင်ပါဘူး။ ကျွန်တော်တို့ဟာ
ဘွဲ့ရတစ်ဦးဖြစ်ပါက ကိုယ့်ကျောင်းရဲ့ကျောင်းသား
ဟောင်းတွေထဲမှာ အဆက်အသွယ် ရှာဖွေ
သင့်ပါတယ်။ ကိုယ်ဟာ Professional
အဖွဲ့အစည်း တစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ပါသလား?
အဆက်အသွယ်တွေ ရှာဖို့အတွက် ကောင်းတဲ့
အခြေအနေတစ်ခု ဖြစ်ပါတယ်။

🔵လူတွေ့စစ်ဆေးမှုမှာ အကောင်းဆုံး
လုပ်ဆောင်နိုင်ရန် ပြင်ဆင်ပါ။

အချိန်ယူပြီး ပြင်ဆင်သင့်ပါတယ်။ ကောင်းစွာ
ပြင်ဆင်လာတာကြောင့်လည်း စိတ်ဖိစီးမှုသိပ်မရှိ
တော့ဘဲ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီ
အကြောင်းကြိုတင် လေ့လာပါ။ သင့်တင့်စွာ
ဝတ်စားဆင်ယင်ပါ။ အမေးအဖြေတွေ ကြို
လေ့ကျင့်ပါ။ ကိုယ့်ရဲ့အတွေ့အကြုံတွေ၊
ကျွမ်းကျင်မှုတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို
အသုံးပြုပြီး လုပ်ငန်းရှင် မှ ကိုယ့်အပေါ်အလုပ်
တာဝန် ခန့်အပ်စေရန် လုပ်ဆောင်နိုင်ပါတယ်။

🔵ကုမ္ပဏီ ကိုဆက်သွယ်ဖို့မကြောက်ပါနဲ့။

ကိုယ်လျှောက်လိုတဲ့ အလုပ်တွေအကြောင်းကို
မေးမြန်းလိုတဲ့အခါမှာ ကုမ္ပဏီ ကိုဆက်သွယ်
မေးမြန်းဖို့ မကြောက်ပါနဲ့။ ယဉ်ကျေးပြီး
Professional ကျကျရေးသားထားတဲ့ Email
တစ်စောင်လောက် ပို့ပြီးမေးမြန်းနိုင်ပါတယ်။
ကိုယ့်ရဲ့အလုပ်အပေါ်စိတ်ဝင်စားမှုနဲ့ စိတ်အား
ထက်သန်မှုကို ဖော်ပြရာ ရောက်သလို ကုမ္ပဏီရဲ့
ဝန်ထမ်းရေးရာဋ္ဌာနနဲ့လည်း ရင်းနှီးကျွမ်းဝင်စေမှာ
ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို
လိုက်နာကျင့်သုံးပြီး ကိုယ်လိုချင်မျှော်မှန်းထားတဲ့
အလုပ်တွေကို ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *